Pages

Subscribe:

အကြံလေးတွေပေးကြပါဦး

Tuesday, December 20, 2011

ဒီဘလော့လေးမရေးခင်.... ကြိုပြီး ရှင်းပြထားချင်လို့ပါ။

ကျွန်တော် ဒီဘလော့လေးမှာ မိုဘိုင်းနည်းပညာများကို အဓိကထားပြီး ဝေမျှပေးသွားမှာပါ။ ကျွန်တော်လေ့လာခဲ့ရသမျှ..သင်ကြားခဲ့ရ ကြုံတွေ့ခဲ့ရတာတွေကို ပို့စ်တွေတင်သွားမှာပါ။ ကျွန်တော် ကိုယ်တိုင် အချိန်ပြည့်online ပေါ်မှာပဲ လေ့လာသင်ယူခဲ့ရပါတယ်။ နောက်ပြီး ကျွန်တော် ဖတ်ဖူးသမျှ ကိုလည်းပြန်လည်ပြီး ဝေမျှသွားမှာပါ။ အခြားတစ်ယောက်က တင်ထားတဲ့ပို့စ်တွေကိုလည်း တစ်ခုလုံး  ကူးယူပြီး ဖော်ပြသွားတာမျိုးကို ဘယ်တော့မှ မလုပ်ပါဘူး။ ဒီလိုကူးချပြီးဖော်ပြနေတာတွေကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော့်ရဲ့ ဘလော့လေးကို အကောင်းဆုံးနဲ့အတက်နိုင်ဆုံး လုပ်ပေးသွားမှာပါ။ ကျွန်တော်ကိုယ်တိုင်လေ့လာဆည်းပူးခဲ့တာကိုပဲ ဝေမျှသွားမှာပါ။
ကျွန်တော်က အလုပ်တစ်ဖက်နဲ့မို့ မအားတာက များပါတယ်။ ဖြစ်နိုင်ရင် အားတဲ့အချိန်တိုင်း တင်ပေးသွား ပါမယ်။ ဝေဖန်ထောက်ပြနိုင်ပါတယ်။ အခုမှပဲ စပြီး ဘလော့ရေးတဲ့သူတစ်ယောက်မို့လို့ပါဗျာ။